ရေဖြူ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့်ရေဖြူမြို့နယ် ကြက်ခြေနီအသင်းတို့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်၌ ပြုလုပ်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက ရေဖြူမြို့နယ်တွင် ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို လမ်းညွှန်မှာကြားပြီး၊ ရေဖြူမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က လက်ရှိ ဆောင်ရွက်နေရသော မြို့နယ် ကြက်ခြေနီအသင်း၏ လုပ်ငန်း အခက်အခဲများကို တင်ပြရာ ဒုတိယညွှန်ကြားရေးမှူးက အခက်အခဲများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တနင်္သာရီတိုင်းဒေသကြီးကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးညီညီသိန်း၊ ဦးခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်(၁၉)ဦးတို့တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခတ္တာဖြူ