ဆီဆိုင် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာ ကျောင်းများမှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်အချိန်က နားခိုက် ကျေးရွာအုပ်စု၊ ထမ့်ယမ်း အခြေခံပညာ အထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် (၃၀) ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)