ကြံခင်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ (၃၆၉)ဦးအား ယနေ့ နံနက်(၉)နာရီ အချိန်က ကြံခင်းမြို့ ဒီပင်္ကရာဘုရားတန်ဆောင်း စုရပ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ အသက်(၅၅)နှစ် နှင့်အထက် ပြည်သူ(၃၆၉) ဦးအား (ဒုတိယ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများ အား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြ ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)