ပလောက် နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ ၌ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ပလောက်ဆေးတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေး ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကူညီ ဆောင် ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်း စာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ် တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ သိရသည်။
နှင်းမြူလွင် (ပလောက်)