သတင်းများ

ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 13,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို ယနေ့နံနက်ပိုင်းက ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းများကို ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၌ ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
Jul 13,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၇/၂၀၂၂)သင်တန်းဆင်းပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၂)နာရီခွဲက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် သဘာဝဘေးသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် (၁၀၈၉၈၃)ဦးနှင့် ဒုတိယအကြိမ်တွင် (၉၂၂၄၀)ဦး ၊ Booster Dose ထိုးနှံပြီးသူ(၈၆၉၇)ဦး ထိရှိပြီးဖြစ်
Jul 13,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆၅)နှစ်မှ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း စစ်ဆေး
Jul 13,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံ ကျေးလက်နေပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက် ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 13,2022
မန္တလေးတက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မန္တလေးတက္ကသိုလ် အင်းဝ(၉) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Jul 13,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ဇူလိုင် ၁၃ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်‌ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Jul 13,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်‌ရေး အသိပညာ ပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။