မဟာအောင်မြေ ဇူလိုင် ၁၃
မန္တလေးတက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မန္တလေးတက္ကသိုလ် အင်းဝ(၉) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၅) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက အာဇာနည်နေ့ဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/ကျောင်းသူများအား မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာတင်ထွန်းက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒုပါမောက္ခချုပ်များ၊ ပါမောက္ခချုပ် ဌာနမှူးများ၊ တက္ကသိုလ် ဆရာ၊ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း