တံတားဦး ဇူလိုင် ၁၃
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆၅)နှစ်မှ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၈၉၈၃)ဦး ၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၉၂၂၄၀)ဦးရှိပါကြောင်း ၊ ဒါ့အပြင် အသက်(၁၅)နှစ်နှင့် (၁၈)အကြား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၅၇)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၅၆)ဦး ရှိပါကြောင်း ၊ အသက်(၁၂)ပြည့် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ ပထမအကြိမ် ထိုးနှံပြီးသူ(၃၆၂၆)ဦးနှင့် ဒုတိယအကြိမ် (၃၅၇၄)ဦး ဖြစ်ကြောင်း ၊ Booster Dose ကာကွယ်ဆေး ထိုးနှံပြီးသူ (၈၆၉၇)ဦး ရှိပါကြောင်း ၊ ဒါ့အပြင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့်လည်းကောင်း ၊ ကျေးရွာများအရောက် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်ထံမှ သိရသည်။