ရွှေတောင်မြို့နယ်တွင် သဘာဝဘေးသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင်ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲဆိုင်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သဘာဝဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအား ဆောင်ရွက်မည့်အစီအမံနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြန်လည် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က သဘာဝဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုနှင့်ပတ်သက်၍ ထပ်မံလိုအပ်သည်များကို ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း