Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မင်းလှ၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်း စတင်ဆောင်ရွက်
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်းကို ယနေ့ နံနက် ၉ နာရီခွဲချိန်က စတင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေး
Jul 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၈ ရက်နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များအား Software Program ထည့်သွင်းခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းအခမ်းအနား ဖွင့်လှစ်
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး၏ ရုံးလက်ခံအိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား Software Program ထည့်သွင်းချင်းလုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
Jul 18,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျိုက်ကာကျေးရွာရှိ ကျိုက်မုကလယ်ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် အ.မ.က လမ်းမတော် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး၍ အာဟာရတိုက်ကျွေး
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ အ.မ.ကလမ်းမတော်ကျောင်း၌ အသက်(၅) နှစ်မှ(၁၂)နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အာဟာရ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20792
Page
20793
Page
20794
Page
20795
Current page
20796
Page
20797
Page
20798
Page
20799
Page
20800
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department