မိုင်းပျဉ်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြာပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဟောပြာပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အာဇာနည် နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်း၊ ဘဝမြှင့်တင် တိုးတက်ဖို့ စာအုပ်စာပေလေ့လာစို့စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေချစ်မြတ်နိုးကာ စာပေတန်ဖိုးသိရှိပြီး စာပေဖတ်ရှု လိုစိတ်များဖြစ်ပေါ်လာစေရန်အတွက် စာအုပ်စာစောင်များ ပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်သက်လက်ပြီး စည်းလုံးညီညွတ်သောစိတ် များထားရှိတတ်စေရန်အတွက် ဂိမ်းကစားနည်းများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြာပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲတွင် မိုင်းပျဉ်း အမကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)