သတင်းများ

ငပုတောမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)အကြား ကျောင်းသား၊ ကျောင်းသူ(၃၉၀၀၀)အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံပြီးဖြစ်
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ (၁၂)နှစ်အကြား ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဇွန်လ(၂၈) ရက်နေ့မှစ၍ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၃၈၂) ကျောင်းတို့တွင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက သွားရောက် ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ (၁၈)ရက်နေ့တွင်  ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၉၀၀၀)ဦး ရှိကြောင်း သိရသည်။
ပူတာအို၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ပူတာအိုမြို့ မြို့မရပ်ကွက် တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
Jul 18,2022
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ ကျောင်သား/သူ၊ လူငယ် လူရွယ်များအနေဖြင့် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စုရှိ ဟေမာန် (အ.ထ.က)ကျောင်းအရောက် ကွင်းဆင်း၍ ကျောင်းသား/သူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်အတူ အားကစားသရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 18,2022
မွန်ပြည်နယ်  မော်လမြိုင်ခရိုင်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 18,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်နေ
Jul 18,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှစတင်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ယခုအချိန်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။
ရှမ်းရွာသစ်မြို့တွင် “စိုက်ပျိုးရေးနည်းလမ်းကောင်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “စိုက်ပျိုးရေးနည်းလမ်းကောင်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဝါဆိုသင်္ကန်း ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းအခမ်းအနားကို