ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၈)လုံး ပြောင်းရွေ့

ပန်းတနော် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့ နံနက် ၉ နာရီအချိန်က မြစ်ကမ်းနှင့်နီးသော ကဇင်းတောကျောင်းစုကျေးရွာရှိ နေအိမ် (၈)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။

ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော ကဿဝင်ကျေးရွာအုပ်စု ကဇင်းတောကျောင်းစုကျေးရွာရှိ နေအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၂၉)ဦးတို့အား ကမ်းလွတ်ရာဖြစ်သောနီးစပ်သည့် ဆွေမျိုးသားချင်း နေအိမ်များတွင် ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်ပေါ်တွင် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)