ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အာဇာနည်နေ့အကြောင်း​​​​​​​ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် (Talk Shaw) ဆောင်ရွက်

ရွှေသောင်ယံ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဇာနည်နေ့အကြောင်း သိကောင်း စရာများ ခေါင်းစဉ်ဖြင့် (Talk Show) အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (Talk Show) အစီအစဉ်တွင် ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်ဝေဝေမြင့်နှင့်အတူ အ-မ-က (၁၉၂) သဲကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်ခင်ချိုချိုလတ်တို့မှ ပါဝင် ဆောင်ရွက်ခဲ့ကြသည်။

အစီအစဉ်တွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးမှ ယခုလို အာဇာနည်နေ့အကြောင်းကို (Talk Show) ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့နိုင်ငံ၏ အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်နေ့ ဖြစ်ပါ်လာပုံ အကြောင်းအရာများကို လူငယ်များ၊ တိုင်ရင်းသား ညီအကိုမောင်နှမများ သိရှိစေရန် လက်လှမ်းမီသလောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကို မျိုးဆက်သစ်လူငယ်များ ထဲထဲဝင်ဝင် သိရှိပြီး မျိုးချစ်စိတ်ဓါတ်များ ရှင်သန်နိုးကြားနေမည် ဖြစ်ကြောင်းကို ပြောကြားသည်။

ထို့နောက် အ-မ-က(၁၉၂) သဲကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးအေးနိုင်က အာဇာနည်ကိုးဦး၏ အကြောင်းအရာများနှင့် အာဇာနည်နေ့ ဖြစ်ပေါ်ပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်မှူး ဒေါ်ခင်ချိုချိုလတ်မှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက် အသေးစိတ်တို့ကို ကျောင်းနေအရွယ် လူငယ်များ၊ ပြည်သူများ ဆက်လက်လေ့လာလိုပါက မိမိတို့ရုံး စာကြည့်တိုက်တွင် လာရောက်ကာရှာဖွေငှါးရမ်း ဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)