ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်စေ ရေး နှိုးဆော်

ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအိုမီ ခရွန်‌ရောဂါ ကြိုတင်ကာကွယ်‌ရေး နည်းလမ်းများနှင့် ကိုဗစ်-‌၁၉‌ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ နှင့်လူစည်ကားရာနေရာများသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အဆိုပါ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ် အိုမီခရွန်ရောဂါတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုအား ထိရောက်စွာ လျော့ချနိုင်ခြင်း၊ ကလေးများနှင့် အသက် ၃၀ နှစ်အောက် လူငယ်များ၌ ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာပါက ပါးစပ် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊  စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေး‌ကြောရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူရန်၊ ဆောင်ရန်/ ရှောင်ရန်နည်းလမ်းများနှင့် ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများအား အကြိမ်ရေပြည့် ထိုးနှံနိုင်စေရေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ နိုင်စေဖို့အတွက် အသိပညာပေးခြင်း လုပ်ငန်းများ ကို နေ့စဉ် စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)