သတင်းများ

သာပေါင်းမြို့နယ်တွင် ဦးတင်မောင်လင်း (ဟုတ်လင်းရွှေဆိုင်) မိသားစုမှ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၇)ရက်နေ့ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို ယနေ့ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၇)ရက်နေ့ နံနက် ၄ နာရီခွဲ အချမှ  စတင်၍ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဆွမ်းလောင်း ဓမ္မာရုံ၌ ဦးတင်မောင်လင်း (ဟုတ်လင်း ရွှေဆိုင်)မိသားစုမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က ရုံးကွက်သစ်ကျောင်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Jul 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၌ ဝါတွင်းကာလ၊ သံဃာတော် (၃၄၄)ပါးအား အရုဏ်ဆွမ်းလောင်းလှူ
Jul 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာတော် (၃၄၄) ပါးအား အရုဏ်ဆွမ်း လောင်းလှူခြင်းကို ယနေ့ ဝါဆိုလပြည့်ကျော် ၇ ရက်နေ့ (ဝါတွင်းကာလအဖိတ်နေ့) နံနက်အာရုဏ်တက်ချိန်၊ မြို့လည် ဓမ္မာရုံကြီးရှေ့၌ မြို့နယ်ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းအသင်း အဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များက လှူဒါန်းကုသိုလ်ပြုခဲ့ကြသည်။
မိတ္ထီလာတက္ကသိုလ်၌  ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 19,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌ အောင်မင်္ဂလာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်
Jul 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေ ရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေ စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ (၃)လပတ်တွင် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြု ရန်ပုံငွေကျပ် (၉.၉) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဇူလိုင်လ ၁၇ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ် လုပ်ကိုင်ရန် ဆက်လက် ထွက်ခွာ
Jul 19,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား အမျိုးသား(၅၅)ဦး၊ အမျိုးသမီး(၃၀)ဦး၊ စုစုပေါင်းအလုပ်သများ(၈၅)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Jul 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။