သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ (၂၀၂၂-၂၀၂၆) တွင် ပါဝင်တာဝန်ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်
Jul 19,2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ  ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (၂၀၂၂-၂၀၂၆ ခုနှစ်) တွင် ပါဝင်တာဝန်ထမ်း ဆောင်ကြမည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုကြိုဆိုသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်များအတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ရှင်းလင်းဆောင်ရွက်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ရပ်ကွက်များအတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ကြသည်။
တံတားမြို၊ အမှတ်(၂)ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှုကို  ယမန်နေ့ နံနက်(၈)နာရီအချိန်က အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။
ကျီခါးမြို့၊ တွီးဖိုင်ချောင်းရေလျှံမှုဖြစ်ပွားခဲ့ရာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများရေ လွှမ်းမိုးမှုဖြစ်ပွား
Jul 19,2022
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ဇူလိုင်လိုင်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျီခါးမြို့ရှိ တွီးဖိုင်ချောင်းရေလျှံမှုဖြစ်ပွားကာ ချောင်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်း‌နေ အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Jul 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ နေအိမ် RC (၃)ထပ် (၂၇၀၀)စတုရန်းပေ (၃၀×၃၀×၃၀) ပေတည်ဆောက်နေမှုနှင့် (၂)ခန်းတွဲ (၄)ထပ် (၅၁၀၀)စတုရန်းပေ (၅၁×၂၅×၄၂)ပေ ဝန်ထမ်းအိမ်ရာ တည်ဆောက် နေမှုများအား ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က အ‌ရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်မှ လာ‌ရောက် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၄၇ ဦး မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်
Jul 19,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ၁၄၇ ဦး ဆက်လက်ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်များ၌ အိမ်ထောင်စု စာရင်းပုံစံများအား Data Base သို့ ဖြည့်သွင်းနေမှု အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 19,2022
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့နေ့လည်ပိုင်းက မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်များ၌ အိမ်ထောင်စု စာရင်းပုံစံများအား သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေများနှင့် ပတ်သက်၍ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘားအံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Jul 19,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ သာမညတောင်ခြေ ရွှေဘုံသာနှစ်ထပ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူ့လက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။