သတင်းများ

မင်းလှမြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင် လျောက်ထားသော လုပ်ငန်းရှင်များ စည်းကမ်းသတ်မှတ်ချက်နှင့် အညီဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင် လျောက်ထားသော လုပ်ငန်းရှင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို  မင်းလှမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ယမန်နေ့ နေ့လယ် ၃နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်မြို့နယ် ကြို့ပင်သာကျေးရွာအုပ်စု၊ ဖားယားင်္ကြးကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်း က ကြို့ပင်သာကျေးရွာအုပ်စု၊ ဖားယားကြီးကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအချင်းချင်း လုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ရေး အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ဌာနဆိုင်ရာများအချင်းချင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Jul 19,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသော အားကစားသမားများပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများမှသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်လာစေရန် ရည်ရွယ်၍
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း (လက်ထောက်-၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 19,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း (လက်ထောက်-၂) သင်တန်းအမှတ်စဉ် (၃၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျွဲနွား ထောင့်သန်းရောဂါ ကာကွယ်ဆေး (အခမဲ့)ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်
Jul 19,2022
မိတ္ထီလာမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျွဲနွား ထောင့်သန်းရောဂါ ကာကွယ်ဆေး(အခမဲ့) ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ကန်သာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရ သည်။
အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ သွေးလွန်တုပ်​ကွေး ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်း​ ဆောင်ရွက်
Jul 19,2022
ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်​သော ​သွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက်   ရန်ကုန် အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​​မန်နေ့  ည​နေ  ၄ နာရီခွဲက ခြင်​ဆေးမှုတ်ခြင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။