မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မြစ်သား ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေး အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ  ဆွေးနွေးပွဲတွင်  မြစ်သားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာနေလွင်ထူးနှင့် ဒေါက်တာ ယမုံသျှင်နှောင်းအေးတို့က ဒေသခံ မွေးမြူရေးသမားများနှင့် တောင်သူများ သိရှိစေရန်အတွက် တိရစ္ဆာန်များအချင်းချင်း ကူးစက်ရောဂါများ ကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကျွဲ၊ နွား၊ ဆိတ်များတွင် ရောဂါများဖြစ်ပွားပါက ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကူးစက်ရောဂါများအတွက် ကြိုတင် ကာကွယ်ရမည့် ကာကွယ်ဆေးများအကြောင်း၊ အဆိုပါတိရစ္ဆာန်များရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက် သတ္တပတ်အဖြစ် လမ်းခွကျေးရွာနှင့် ကူဖြူကျေးရွာတို့တွင် ကွင်းဆင်းကာနွားများတွင် ဖြစ်ပွား သည့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခဲ့မှုများကို သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)