သာပေါင်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလတစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို ယနေ့ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၇)ရက်နေ့ နံနက် ၄ နာရီခွဲ အချမှ စတင်၍ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဆွမ်းလောင်း ဓမ္မာရုံ၌ ဦးတင်မောင်လင်း (ဟုတ်လင်း ရွှေဆိုင်)မိသားစုမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။
ထိုသို့ အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်အပါး (၁၃၅)ပါးတို့ကို ပင့်ဖိတ်၍ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းလမ်း ဆွမ်းလောင်းဓမ္မာရုံ၌ ဦးတင်မောင်လင်း (ဟုတ်လင်းရွှေဆိုင်)မိသားစုနှင့် အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင် လှူဒါန်းအပ်သော သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ၊ စာရေးတံများအား ဆက်ကပ်လောင်းလှူ ပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ်ခေါ်ဆိုကြကြောင်း သိရသည်။
မျိုးဇော်သိန်း