သတင်းများ

ရမ်းဗြဲမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 19,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရမ္မာဝတီခန်းမတွင် ကျင်းပ ပြုလုပ်ကြသည်။
မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ပြုလုပ်
Jul 19,2022
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကို နံနက် ၁၁ နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Jul 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယ‌နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝက်လက်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်း‌ခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကျင်းပပြုလုပ်
Jul 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ယ‌နေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 19,2022
သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်  သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 19,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်များ ပင့်ဆောင်၍ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပေါက်တောမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ယနေ့ နံနက် (၉)နာရီကပြုလုပ်သည်။
အင်္ဂပူမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပူး‌ပေါင်းပြီး သဘာဝ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့၌ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ပလတ်စတစ်ခြင်း ရက်နည်းသင်တန်းဖွင့်လှစ်
Jul 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ပလတ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းကို ယနေ့နံနက်၁၀နာရီချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။