သတင်းများ

ထန်းတပင်မြို့နယ်တွင် တောင်သူများအား ကောက်စိုက်စက်ဖြင့် ဆေးဖျန်းခြင်းနှင့် ကြားပေါင်းလိုက်စက်ဖြင့် ပေါင်းလိုက်တမန်းနှိုးခြင်းများအား လက်တွေ့သရုပ်ပြ အသိပညာပေး
Jul 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ကြားပေါင်းလိုက်စက် (Power Weeder) ဖြင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် (Transplanter Boom Sprayer) ကောက်စိုက်စက်ဖြင့် ပေါင်းသတ်ဆေး ဖျန်းခြင်းတို့အား ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြသ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက (၁၅၀)ကွင်း၊ ဦးပိုင်အမှတ် ၂ (ခ)၊ ကွင်းအမှတ် (၂၇၆)ရှိ တောင်သူဒေါ်ကြည်သန်း၏ လယ်ယာမြေဧက (၂.၄၇)တွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများလုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေး
Jul 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ် Community Centre ခန်းမတွင်လူမှုဖူလုံရေး အသိပညာပေးTalk Show ဆောင်ရွက်
Jul 19,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က လူမှုဖူလုံရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (၁၂)ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
Jul 19,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးညီနပ် ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အတူ (၁၂)ကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အာစရိယ ပူဇော်ပွဲ ကျင်းပ
Jul 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပထမအကြိမ် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဒမ္မိလပ်အားကစားရုံတွင် ကျင်းပသည်။
ကျိုက်လတ်၌ ဘုန်းတော်ကြီးကျောင်းများ၊ဘုရား၊စေတီ၊သာသနိက အဆောက်အဦများ၊ စျေးများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးကြည်ရှုစစ်ဆေး
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊စေတီ၊ သာသနိကအဆောက်အဦများ၊ စျေးများ လျှပ်စစ်အန္တရာယ်ကာကွယ် ကင်းရှင်းရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှစ၍ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား e-ID Software Program ဖြင့် ရိုက်သွင်းဆောင်ရွက်
Jul 19,2022
ပေါင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား e-ID Software Program ဖြင့် ရိုက်သွင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဝါရီရူခန်းမ၌ စတင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
မင်းလှမြို့နယ် မင်းတဲကြီးကျေးရွာတွင် သံပုံးစွပ်အေဝမ်း မီးဖို အလုံး ၁၃၇ လုံး အခမဲ့ဖြန့်ဝေ
Jul 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာအဖြစ် တည်ထောင်မည့်မင်းတဲကြီးကျေးရွာ၌ ထင်းအစား အခြားလောင်စာသုံးစွဲနိုင် ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ တွင်သံပုံးစွပ် အေဝမ်းမီးဖို အလုံး ၁၃၇ လုံးကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။