သတင်းများ

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထက ဆီဆိုင်၊ ယုဇနခန်းမတွင် ဆောင်ရွက်သည်။
ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးမြေပဲများ‌ အောင်မြင်ဖြစ်ထွန်း‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးမြေပဲအပြင် နှမ်းနှင့် နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 21,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်(Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာများဖြစ်သော "မောင်မင်းစိုး " ရေးသားထားသည့် " လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 21,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၂)အခြေခံပညာလယ်တန်းကျောင်းခွဲသို့ ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အမှတ်(၄၅) မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဒမငယ်ကျေးရွာအုပ်စု၊ ဒမငယ်ကျေးရွာ‌ တောင်သူ ဦးဌေးကြိုင်၏ လယ်မြေ ၂ ဧက၌ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အ.ထ.က ကျုံရှတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ  အ.ထ.က ကျုံရှတွင် ယနေ့ နံနက်၁၀ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေစတင်ထုတ်ပေး
Jul 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်၉နာရီက စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။