သတင်းများ

ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Jul 21,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြည်သူ များသိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဘိုကလေးမြို့နယ် အ.ထ.က ဖိုးဒီကွဲတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ
Jul 21,2022
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ အားကစားကို ချစ်မြတ်နိုးတတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲနှင့်အတူ အားကစားသရုပ်ပြမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၁) နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ဖိုးဒီကွဲကျေးရွာအုပ်စုရှိ ဖိုးဒီကွဲ အ.ထ.က ကျောင်း၌ အဆိုပါ ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။
ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၇/၂၀၂၂) အစည်းအဝေးကျင်းပ
Jul 21,2022
ခရီးသွားလုပ်ငန်းအရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၇/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
မြောင်းမြမြို့တွင် အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပပြုလုပ်နိုင်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဆုချီးမြှင့်ရေးတို့အတွက်  လုပ်ငန်းညှိုင်းနှိုင်း အစည်းအဝေးကျင်းပ
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်  (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲကို ခရိုင်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများကို ဆုချီးမြှင့်နိုင်ရေးတို့အတွက်  ယမန်နေ့ ညနေ (၄) နာရီ (၃၀)မိနစ်တွင်  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္
မိုင်းယန်းမြို့၌ လူကုန်ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 21,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ကျင်းပသည်။
လှိုင်းဘွဲမြို့နယ် (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ
Jul 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ သုတပဒေသာ စာစောင်များတွင်ပါရှိသည့် ဆောင်ပါးများဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လည်ပိုင်းက (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 21,2022
စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လည် ၁နာရီ အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။