ရွှေတောင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး

ရွှေတောင် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

​​ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ   နံနက်(၈:၀၀)နာရီမှ မွန်းလွဲ(၂:၀၀)ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင် (၇၉၅)ဦး၊ ကာကွယ်ရေးပင်စင်(၁၀၅၃)ဦး၊ နိုင်ငံရေးပင်စင်(၁၁၂)ဦး၊ ဘဏ်ပင်စင်(၁၇)ဦး စုစုပေါင်း(၂၃၇၇)ဦးရှိကြောင်း သိရပါသည်။

အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကြိုတင်ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)