နတ်တလင်းမြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

နတ်တလင်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အမှတ်(၄၅) မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဒမငယ်ကျေးရွာအုပ်စု၊ ဒမငယ်ကျေးရွာ‌ တောင်သူ ဦးဌေးကြိုင်၏ လယ်မြေ ၂ ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

စိုက်ပျိုးသရုပ်ပြသပွဲတွင် ကူဘိုတာ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသခဲ့ပြီး စိုက်ပျိုးရာတွင် လယ်တစ်ဧကလျင် တစ်နာရီခန့်သာ ကြာမြင့်ပြီး ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်   ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည်ဆိုလျှင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စက်မှု လယ်ယာဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများ၊‌ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ဝေယံဖြိုး