သတင်းများ

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ဦးဆောင်၍၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jul 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၅) နာရီခွဲအချိန်မှစ၍  ထုတ်ပေး​လျက်ရှိသည်။
သထုံမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း
Jul 21,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားစသည့် တည်ဆောက်ရေး လုပ်ငန်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်း ရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံးခန်းမ၌ ပြုလုပ်သည်။
မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ
Jul 21,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာအုပ်စာစောင် ဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သုတ ရသစာအုပ်များ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်
Jul 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှင်ဗွေယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ " အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 21,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြည်သူလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စာရေးဆရာ မောင်ခင်ခင်(ဓနုဖြူ) ရေးသားထားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ကျောင်းသား /ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်းတွင် ဆက်လက်ထိုးနှံပေးသည်။
လှိုင်းဘွဲမြို့၌ ဒေသထွက်ရာသီစာသီးနှံများ ဝယ်ယူစားသုံးမှုများသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ
Jul 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကြိုးဝိုင်း၊ ကျုံပကိုကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောဧရိယာများ၌ မိုးရာသီအတွင်း သဘာဝထွက်ရှိသော တောင်ပို့မှို (ဖက်စွတ်မှို)၊ အင်ဥ၊ ဇရစ်၊ ဖလံတောင်ဝှေး၊ မျှစ်၊ ကောက်ကောက်ညွှန့်၊ ကဒက်ဥစသည့် ရာသီစာ သီးနှံများကို ရှာဖွေရောင်းချပေးနေကြသည့် ဒေသနေပြည်သူများမှ ဝင်ငွေအသင့်အတင့် ကောင်းမွန် လျက်ရှိကြကြောင်း သိရှိရသည်။