သတင်းများ

ကျိုင်းတုံမြို့၌ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပညာပေးဟောပြော
Jul 21,2022
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် အသိပညာ‌ပေးဟောပြောပွဲကို ကျိုင်းတုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ထားဝယ်တက္ကသိုလ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 21,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်တက္ကသိုလ် တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ထားဝယ်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးနှင့် ဘာသာရပ်အသီးသီးမှ ဌာနမှူးများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က  မူလတန်းဆင့်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jul 21,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
တာမိုးညဲမြို့ (Community Centre) ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများတိုးပွားလာ‌စေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပ
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲ မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင်  (Book Club)အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ
Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က (၃) ကျောင်းရွှေရတုခန်းမ၌ ကျောင်းသူ/သားများ အသိပညာ၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီအချိန်က ကျင်းပခဲ့သည်။
သထုံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်
Jul 21,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အထက(ကျိုက္ကော်) ရွှေရတုခန်းမတွင် ယနေ့ နံနက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်စနစ်တကျထုတ်ပေး
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။