မြဝတီ ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းသက်ကြီးဘိုး၊ ဘွားပင်စင်စားများ၏ လစာငွေထုတ်ယူရာတွင် မိုးတွင်းကာလဖြစ်ခြင်းကြောင့် နေရာအခက်အခဲမဖြစ်စေရန်နှင့်ကိုဗစ်-၁၉ ကာလအတွင်းလူစု၊ လူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးထားပြီး အချိန်တိုအတွင်းပင်စင်လစာငွေများကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့် ဝန်ထမ်းများကကူညီ ဆောင်ရွက်ပေးသည်။
မြဝတီမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေကို ယနေ့မှစတင်၍ ထုတ်ပေးရာ၌ အငြိမ်းစားဝန်ထမ်း (၄၀၀)ကျော်တို့အား ထုတ်ပေးပြီးဖြစ်ကာ ထုတ်ယူရန်ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကိုလည်း သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း နေ့စဉ်နံနက် ၉ နာရီမှ ညနေ၃နာရီအထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)