အ.ထ.က ကျုံရှတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇလွန် ဇူလိုင်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ  အ.ထ.က ကျုံရှတွင် ယနေ့ နံနက်၁၀ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။

အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

 ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်မေဒီလွင်က အားကစားနှင့် အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များ အနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို အထူးလေ့လာလိုက်စား စေလိုကြောင်း၊  သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချကြစေလိုပါကြောင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် အားကစားပြုလုပ်​​ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးမှ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ ဗဟုသုတမေးခွန်းများ ဆန်းစစ် မေးမြန်းပီး အဖြေမှန်သူများအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ကာ စုပေါင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance) များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)