သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ​ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်​ရွေးစင် လူကြီး (Old Star) ​ဘောလုံးအသင်း ချစ်ကြည်​ရေး ​ဘောလုံးအားကစားပြိုင်ပွဲ ကြည့်ရှုအား​ပေး
Jul 31,2022
မွန်ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ ၊ ကျန်းမာကြံ့ခိုင် စေရေးနှင့် စိတ်ဓါတ်​ရေးရာ မြင့်မား​စေ​ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပြုလုပ်​ပေးခြင်းအပြင် အသက်အရွယ်အလိုက် အားကစား​လေ့လာလိုက်စားနိုင်​စေရန် ​ရည်ရွယ် ၍ဆောင်ရွက်​ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်​နေ့ည​နေပိုင်းက ​မော်လမြိုင်မြို့၊ Southern Myanmar ​ဘောလုံးအားကစားကွင်း ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ​ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်​ရွေးစင် လူကြီး (Old Star) ​ဘောလုံး အသင်း ချစ်ကြည်​ရေး ​ဘောလုံးအားကစားပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာများ၊ ​ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအား​ပေးခဲ့သည်။
သိန္နီမြို့တွင် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော်ကျောင်းတိုက်အနီးတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် နိုင်-၄ မှတ်တမ်းများအား e-ID Software အတွင်း ထည့်သွင်းခြင်းဆောင်ရွက်
Jul 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော နိုင်-၄ မှတ်တမ်းများအား e-ID Software အတွင်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ ၂၀၂၂ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ ကျင်းပ
Jul 31,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၂ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်နှင့် ကျေးရွာအုပ်စု အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ပင်းတယမြို့၊ ပုန်းတလုတ်ကန်ပတ်လမ်း သန့်ရှင်းသာယာရေး မြို့နယ်စည်ပင်သာယာ မှဆောင်ရွက်
Jul 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ၊ မြို့တွင်းသာယာ လှပရေး အလေးထားဆောင်ရွက်လျက်ရှိရာ၊ မြို့ကျက်သရေဆောင် သမိုင်းဝင်ပုန်းတလုတ်ရေကန်ဘေး၊ ကန်ပတ်လမ်းတစ်လျောက်၌ သန့်ရှင်းရေးဆောင်ရွက်ခြင်းအား မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့  နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြသည်။
မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန်ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ
Jul 31,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမားအမျိုးသား (၂၀)ဦး၊ အမျိုးသမီး(၇၉)ဦး၊ စုစုပေါင်းအလုပ်သများ(၉၉)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။
မြောင်းမြမြို့ ဘုရားစေတီပုထိုး ရှေးဟောင်း သမိုင်းဝင်နေရာများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်
Jul 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ  ဘုရားစေတီပုထိုး ရှေးဟောင်း သမိုင်း ဝင်နေရာများတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
Jul 31,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင် ယနေ့ နံနက် ၂ နာရီ ၅၅ မိနစ် အချိန်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ မြို့ပတ်လမ်း၊ ဂဲလောင်းချောင်း တစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။