တန့်ယန်းမြို့နယ်တွင် နိုင်-၄ မှတ်တမ်းများအား e-ID Software အတွင်း ထည့်သွင်းခြင်းဆောင်ရွက်

တန့်ယန်း  ဇူလိုင်  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော နိုင်-၄ မှတ်တမ်းများအား e-ID Software အတွင်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) နိုင်ငံသား တစ်ဦးချင်း၏ နိုင်-၄ မှတ်တမ်းများ အား e-ID Software အတွင်း ထည့်သွင်းဆောင်ရွက်နေမှုများကို ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန် ရှိသူများကကြည့်ရှုရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)