သတင်းများ

မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာ၌ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များထောက်ပံ့
Jul 30,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက ညောင်ကုန်း ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီ အခြေခံအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲကျင်းပ
Jul 30,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ယနေ့နံနက် (၁၀:၃၀)အချိန်က ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီအခြေခံ၊ အဆင့်မြင့်အားကစားသင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ စာရင်းအင်းကိန်းဂဏန်းများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးပြုလုပ်
Jul 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က လုပ်ငန်းများ၊ စာရင်းအင်းကိန်း ဂဏန်းများ မှန်ကန်မြန်ဆန်စေရေးအတွက် ဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်
Jul 30,2022
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်ရှိ ဝိမလသီရိဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်တွင် ကုန်းတွင်းမိုးသီးနှံ စိုက်ပျိုးတောင်သူများ  မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးမှုနောက်ကျ
Jul 30,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် စိုက်ပျိုးရေလုံလောက်စွာ မရရှိသေးသည့်အတွက် မိုးသီးနှံ စိုက်ပျိုးမှုနောက်ကျနေကြောင်း သိရှိရသည်။
ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Jul 30,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ်၁၂ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးလှမိုး ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Jul 30,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂)တွင် ယာဉ်အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၂)တွင် ပြုလုပ်ခဲ့သည်။