သတင်းများ

ပုသိမ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့တွင် တောင်ကျရေများ ဝင်ရောက်
Jul 31,2022
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ ဒဟ‌တ္တောကျေးရွာအုပ်စုနှင့် ကောင်းမွန် ကျေးရွာအုပ်စု ဆားခါတောင်အရှေ့ဘက်တွင် တောင်ကျချောင်းရေများ ၀င်ရောက်ခဲ့‌‌ကြောင်း သိရှိရသည်။‌
ငပု​တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း
Jul 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်  ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ပူပေါင်းပြီး တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်မှုသင်တန်း ဖွင့်လှစ်ပို့ချ
Jul 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်းပြီး ဒေသတွင်းထွက်ရှိသော သစ်သီးများကိုအခြေခံကာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းအဖြစ် အသီးဖျော်ရည်မျိုးစုံပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင်ခန်းမ၌ ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းမြို့နယ် မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်
Jul 31,2022
မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း နတ်ကန်ဦးကြိုးပြင်ကာကွယ်တောရှိ စံပြတမာ စိုက်ခင်း(၂၅) ဧကအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာ အကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်၍ အမြင့်သုံးပေနှင့်အထက်ရှိသော သက်တမ်းရင့် တမာသစ်မျိုး ၁၅၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သိန္နီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အနာဂါတ်တွင် လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးရေး၊ လူငယ်များယဉ်ကျေးလိမ္မာ၍ ဘက်စုံထူးချွန်စေရန်၊ နိုင်ငံတော်တည်ဆောက်ရာတွင် အားကိုးအားပြုရသော လူကောင်းလူချွန်များ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို သိန္နီမြို့၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က သွားရောက်ဟောပြောခဲ့သည်။
လောင်းလုံးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြခြင်းအခမ်းအနားကျင်းပ
Jul 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြောသြဇာ၊ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ တောင်ဦးသီးညွှန့်လယ်ကွင်း၌ ပြုလုပ်သည်။
ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲတော် (စတုတ္ထအကြိမ်) ကျင်းပ
Jul 31,2022
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ရာသီဥတုကို အထောက်အကူပြုစေပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားပေါကြွယ်ဝစေရန် ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲ(စတုတ္ထအကြိမ်) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင် ကွက်သစ်အနီးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။