မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ​ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်​ရွေးစင် လူကြီး (Old Star) ​ဘောလုံးအသင်း ချစ်ကြည်​ရေး ​ဘောလုံးအားကစားပြိုင်ပွဲ ကြည့်ရှုအား​ပေး

​မော်လမြိုင်  ဇူလိုင် ၃၁

မွန်ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ ၊ ကျန်းမာကြံ့ခိုင် စေရေးနှင့် စိတ်ဓါတ်​ရေးရာ မြင့်မား​စေ​ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပြုလုပ်​ပေးခြင်းအပြင် အသက်အရွယ်အလိုက် အားကစား​လေ့လာလိုက်စားနိုင်​စေရန် ​ရည်ရွယ် ၍ဆောင်ရွက်​ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်​နေ့ည​နေပိုင်းက ​မော်လမြိုင်မြို့၊ Southern Myanmar ​ဘောလုံးအားကစားကွင်း ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ​ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်​ရွေးစင် လူကြီး (Old Star) ​ဘောလုံး အသင်း ချစ်ကြည်​ရေး ​ဘောလုံးအားကစားပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာများ၊ ​ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအား​ပေးခဲ့သည်။

အဆိုပါ (၂) ​ဘက် ဘောလုံး အသင်းရှိ အားကစားသမားများက ကွင်းအတွင်းသို့ ​နေရာယူကြ၍အသင်းလိုက် အားကစားသမားတစ်ဦးချင်းစီ မိတ်ဆက်​ပေးခဲ့ကြပြီး ​ဘောလုံးပြိုင်ပွဲအား စတင် ၍ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အား​ပေးစကား​ပြောကြားခဲ့ သည်။မွန်ပြည်နယ်အတွင်း ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာ​ရေး၊ ပြည်နယ်ဂုဏ် ဆောင် အားကစားသမားကောင်းများမွေးထုတ်ပေးနိုင်​ရေးတို့အတွက် အားကစားကွင်းများ အားအဆင့်မြှင့်တင်​ပေးခြင်း၊ အားကစားဥယျာဉ်များ တည်ဆောက်ပေးခြင်းဖြင့်  အားကစားကဏ္ဍကို ဘက်​ပေါင်းစုံမှ အထူးအလေး ပေးဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)