သတင်းများ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
Jul 30,2022
ရခိုင်ပြည်နယ်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ကာမိုင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်
Jul 30,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို  ယနေ့နံနက်(၉)နာရီမှမွန်းလွဲ(၁)နာရီအထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jul 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာ သန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူနာ (၂၅၀) ကျော်အား အခမဲ့ကုသပေးခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်
Jul 30,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက်   ၈ နာရီက ရန်ကုန် - ပြည်လမ်း ဘူတာရပ်ကွက်၊ အမှတ် (၁၀၁) သစ်စက်ရှေ့၌ ပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 30,2022
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အရေးပြိုင်ပွဲကျင်းပ
Jul 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မအူပင်ခရိုင်အဆင့် အရေးပြိုင်ပွဲအား ကျင်းပပြုလုပ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နတလ၊ လူငယ်သင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး၊ ခေတ္တနာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိးရေး သင်တန်းကျောင်း၊ အမျိုးသမီအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၀၆:၃၀)နာရီအချိန် လဟယ်မြို့ ဓါတ်ပေါင်းစု‌စေတီကုန်းပေါ်၌ ကျင်းပပြုလုပ်ပါသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဦးတည်အုပ်စုများတွင် ပါဝင်သောသူများအား စတုတ္တအကြိမ်မြောက် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose  ထိုးနှံ
Jul 30,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး(သုံးကြိမ်)ထိုးနှံပြီးဖြစ်သော ဦးတည်အုပ်စုတွင် ပါဝင်သူများအား သတ်မှတ်နေ့ရက်များအလိုက် စတုတ္တအကြိမ်မြောက် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက်( ၉)နာရီ အချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။