ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်စေရန် ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များနှင့် ပြည်သူများအားထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jul 31,2022
အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိအခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စု များအလိုက် ရဟန်းရှင်လူများအားအခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အမှတ်(၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်နှင့် အမှတ်(၄၈)ရပ်ကွက်ဓမ္မာရုံတို့တွင် စုရပ်သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှုရာနှုန်း ပြည့်မီလွှမ်းခြုံနိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် သံဃာများနှင့် ပြည်သူ များအားယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရ သည်။