သတင်းများ

အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး နတ်လမ်းတော်နှင့် ဘက်စုံမွမ်းမံ/ ပြင်ဆင်ခြင်းတို့ အတွက် ရေစက်ချပွဲ အခမ်းအနားကျင်းပ
Aug 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်း(၁)လမ်းရှိ အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး နတ်လမ်းတော်နှင့် ဘက်စုံမွမ်းမံ/ပြင်ဆင်ခြင်းတို့ အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုများ ရေစက်ချပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဘိုကလေးမြို့နယ် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းမှ အာဟာရဒါနအဖြစ် နေ့စဉ် ထမင်း၊ ဟင်းများ လှူဒါန်းပေးလျက်ရှိ
Aug 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျော်ဇံထေရဝါဒကျောင်းတိုက်တွင်  တည်ထောင်ဖွင့်လှစ်ထားသည့် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းသည် အာဟာရဒါနအဖြစ်  မြို့နယ်တွင်း၌ နေ့စဉ် ထမင်း၊ ဟင်းများ လှူဒါန်းပေးလျက်ရှိသည်။
မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများတွေ့ဆုံ
Aug 02,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာ နန့်လှိုင်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၁၁)နာရီခွဲတွင် ကျင်းပရာ မိုးညှင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ​ပေါင်မြို့နယ်၊ အိမ်​ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/ ၆) အား Data Base စနစ်ဖြင့် ဖြည့်သွင်း စီစစ်နေမှု အခြေအနေကို ကြည့်ရှုစစ်​ဆေး၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့များနှင့် ​တွေ့ဆုံခဲ့
Aug 02,2022
မွန်ပြည်နယ်အတွင်း လူဦး​ရေနှင့် အိမ်​ခြေ အိမ်ထောင်စုစာရင်း မှန်ကန်​စေ​ရေး ပြည်နယ် ဝန်ကြီးချုပ်ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယ​မန်နေ့ မွန်းလွဲပိုင်းက ​ပေါင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စု စာရင်းပုံစံများအား ဖြည့်သွင်း စီစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ (၆၆/၆) အား ဖြည့်သွင်း စိစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေအား ကြည့်ရှု စစ်​ဆေး ခဲ့ပါသည်။
တောင်နီကျေးရွာတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့
Aug 02,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တောင်နီကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲနှင့် ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ခြင်း အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ဩဂုတ်(၁)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၌  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
Aug 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသော  ဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ
မဘိမ်းမြို့၌ မြို့နယ်အဆင့် မြေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်
Aug 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အဆင့် မြေပြင်ရှာဖွေကယ် ဆယ်ရေးသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးလျက်ရှိ
Aug 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးနေပြီဖြစ်ရာ သြဂုတ်လ ၁ ရက်နေ့အထိ ​ကျေးရွာအုပ်စု (၆၀)မှတောင်သူ  (၂,၆၉၀)ဦး၏ လယ်ဧက (၁၉,၉၃၆)ဧကအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း (၂၉,၉၀၄)ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။