ပုဇွန်တောင်မြို့နယ်၌  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီ  လာရောက်ရောင်းချပေး

ပုဇွန်တောင် ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ ရပ်ကွက်‌နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင် ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd. မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီအား တစ်ပိဿာလျှင်  ၃၈၀၀/-နှုန်းဖြင့်  အမှတ်(၇)ရပ်ကွက် လိပ်ကန်လမ်းနှင့်ဦးရွှေဂွန်းလမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd. မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီအား တစ်ပိဿာလျှင်  ၃၈၀၀/-နှုန်းဖြင့် ပြည်သူများအား  လာရောက်ရောင်းချပေးရာသို့ ရပ်ကွက်နေပြည်သူများမှ စနစ်တကျဝယ်ယူနိုင် ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်