ပွင့်ဖြူ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက် ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက်m မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်းလုပ်ငန်းအား ကျေးရွာ(၃)ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံမိုးနေကြာ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးစရိတ် အကုန်အကျသက်သာ သော နေကြာသီးနှံအား စိုက်ပျိုး ခြင်းဖြင့် ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီးတော့ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက် သီးနှံမိုးနေကြာ)စီမံကိန်းကို ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနှင့် ကန်ပြည့်ကျေးရွာတို့မှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းအနေနဲ့က ဒေသခံတောင်သူများကို ဆီထွက်သီးနှံမိုးနေကြာစိုက်ပျိုးရာတွင် အခက်အခဲမဖြစ်စေရေးအတွက် အတိုးနှုန်းသက်သာသော စီမံကိန်းရန်ပုံငွေများကို ထုတ်ချေး ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ဒီစီမံကိန်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဝင် ကျေးရွာတွေက ကော်မတီဝင်(၂၁)ဦးကိုလည်း စီမံကိန်းနဲ့ ပတ်သက်တဲ့ ရန်ပုံငွေစီမံခန့်ခွဲမှုနည်းစနစ်နဲ့ ငွေစာရင်းထိန်းသိမ်းနည်းစနစ်များကို စာတွေ့လက်တွေ့ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အတွက် စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒေသခံတောင်သူများကို စီမံကိန်းရန်ပုံငွေထုတ်ချေးပေးပြီး သွားရင် လုပ်ငန်းစတင်လည်ပတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ သည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆီထွက်သီးနှံမိုးနေကြာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူ များကို အတိုးနှုန်းသက်သာသော မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ) စီမံကိန်းရန်ပုံ ငွေမတည်ထုတ်ချေးပေးသွားမည်ဖြစ်၍ စီမံကိန်းဝင် ကျေးရွာများမှ ဒေသခံတောင်သူများ မိုးနေကြာ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်၍ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြု ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)