အိမ်မဲ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်း(၁)လမ်းရှိ အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး နတ်လမ်းတော်နှင့် ဘက်စုံမွမ်းမံ/ပြင်ဆင်ခြင်းတို့ အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုများ ရေစက်ချပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တကောဆရာတော်ဘုရားထံမှ ငါးပါးသီလများ ခံယူဆောက်တည်ကြသည်။
ထို့နောက် အိမ်မဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် တာဝန်ရှိသူများက တကောဆရာတော်ဘုရားအား လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော် ဘုရားမှ ပရိတ်တရားများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး နတ်လမ်းတော်နှင့် ဘက်စုံမွမ်းမံ/ ပြင်ဆင်ခြင်းတို့အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အလှူငွေစုစုပေါင်း (၄,၆၂၂,၅၀၀)ကျပ်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)