ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးလျက်ရှိ

ကန်ကြီးထောင့် သြဂုတ်လ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးနေပြီဖြစ်ရာ သြဂုတ်လ ၁ ရက်နေ့အထိ ​ကျေးရွာအုပ်စု (၆၀)မှတောင်သူ  (၂,၆၉၀)ဦး၏ လယ်ဧက (၁၉,၉၃၆)ဧကအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း (၂၉,၉၀၄)ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။

ကန်ကြီးထောင့်မြို့နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် တောင်သူ(၅၅၀)ဦး၏ လယ်ဧက (၃၆,၀၀၀) အတွက် ချေးငွေ ကျပ်သိန်း (၅၄,၀၀၀) ထုတ်ချေးရန်လျာထား ချက်ထားရှိပြီးသဖြင့် သြဂုတ်လ ၁ ရက်နေအထိ ထုတ်ချေးပြီးစီးမှုရာခိုင်နှုံး (၆၂.၃)ဖြစ်ကြောင်း သိရှိရသည်။

မဇင်

ကန်ကြီးထောင့်(ပြန်/ဆက်)