မဘိမ်းမြို့၌ မြို့နယ်အဆင့် မြေပြင်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်

မဘိမ်း ဩဂုတ်၂                          

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အဆင့် မြေပြင်ရှာဖွေကယ် ဆယ်ရေးသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါသင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးက မိမိမြို့နယ်အတွင်း ဘေးအန္တရာယ်များ ဖြစ်ပွားကျရောက်လာပါက အထိရောက်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှုလျော့နည်း စေရေးနှင့် အလျင်မြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်များအား မြေပြင်ရှာဖွေကယ် ဆယ်ရေးများဖြစ်သည့် မြေပြင်တွင် မီးလောင်ပြင်ရှိ ပိတ်မိလူများအား ရှာဖွေကယ်ဆယ်ရန်၊ ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦအတွင်း ပိတ်မိနေသည့်လူများအား ရှာဖွေကယ် ဆယ်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသော မြေပြိုခြင်း၊ ရေးကြီးရေလျှံဖြစ်ခြင်း၊ ယာဉ် တိုက်မှုဖြစ်ခြင်း၊ လှိုင်ခေါင်းတွင်းမြောင်းအတွင်း ကယ်ဆယ်ခြင်းနှင့် အခြားသောဘေးအန္တရာယ်များတွင် အသုံးပြုရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအား မဘိမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးနှင့် ဒုမီးသတ်ဦးစီးမှူး ဦးဇာနည်မျိုးတို့မှ အနီးကပ်ကြီးကြပ်၍ နေ့စဉ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)