ဘိုကလေးမြို့နယ် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းမှ အာဟာရဒါနအဖြစ် နေ့စဉ် ထမင်း၊ ဟင်းများ လှူဒါန်းပေးလျက်ရှိ

ဘိုကလေး ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျော်ဇံထေရဝါဒကျောင်းတိုက်တွင်  တည်ထောင်ဖွင့်လှစ်ထားသည့် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းသည် အာဟာရဒါနအဖြစ်  မြို့နယ်တွင်း၌ နေ့စဉ် ထမင်း၊ ဟင်းများ လှူဒါန်းပေးလျက်ရှိသည်။

လှူဒါန်းပေးရာတွင် ဘိုကလေးကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသနေသည့် လူနာများနှင့် လူနာရှင်များ၊ ဘိုကလေးမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူ ဆောင်ရွက်နေကြသူများ၊ အမှတ်(၁၀)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက်ရှိ နွမ်းပါးပြည်သူများနှင့် ကလေးငယ်များအား နေ့စဉ် အာဟာရဒါနအဖြစ် ထမင်း၊ ဟင်းများအား အဆိုပါ ပရဟိတ အသင်းရှိ သံဃာတော်များနှင့် အဖွဲ့ဝင်များမှနေ့စဉ် လိုက်လံလှူဒါန်း ပေးလျက်ရှိပြီး ၎င်းမေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းသည် ဘိုကလေးမြို့နယ်၌ အောက်စီဂျင်နှင့် သွေးကူညီမှုများ အပါအဝင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာမရွေး ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)