သတင်းများ

စစ်ကိုင်းခရိုင်တွင် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 05,2022
စစ်ကိုင်းခရိုင်အဆင့် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ်(၅)ရက်၊ နံနက်(၁၀)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ မိသားစု တစ်နိုင်တစ်ပိုင် ဝင်ငွေများ တိုးပွားစေရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လ (၁)ရက်နေ့က စတင်၍ အခြေခံ စက်ချုပ် သင်တန်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Aug 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက် ကွင်းဆင်းဆောင်ရွက်
Aug 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ် ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီးထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း လုပ်ငန်းများကွင်ဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် မိုစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက (၄၈၆၉၅) အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း တောင်သူများစားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွားလာစေရန်၊ စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက (၄၈၆၉၅)အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နမ့်စန်တွင် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ က အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်သိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Aug 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး  သင်တန်းခန်းမတွင် ကျင်းပရာ သင်းတန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။