ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်  ဩဂုတ် 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ် ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီးထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ()လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်း လုပ်ငန်းများကွင်ဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။ 

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်တွင် သတ်မှတ်အုပ်စုများအလိုက်၊ ရဟန်း၊ သံဃာများနှင့် ပြည်သူများအား စည်းရုံးခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ရောဂါအခံ ရှိ၊မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ ဆေးထိုးနှံရန်လာကြသူများကို အဆင်ပြေချော်မွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကိုသာ ဆေးထိုးပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)