စစ်ကိုင်း ဩဂုတ် ၅
စစ်ကိုင်းခရိုင်အဆင့် (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ်(၅)ရက်၊ နံနက်(၁၀)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလိမှူးကြီး ခင်မောင်လွင်က ခရိုင်အဆင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများလည်း ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြ ဆွေးနွေးပေးကြစေလိုကြောင်း ဆွေးနွေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို လာမဲ့ဩဂုတ်လ(၇)ရက်နေ့တွင် အောင်မြင်စွာ ကျင်းသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပသွားမည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးတို့က မိမိတို့၏ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားလုပ်ငန်း အစီအစဉ်များကို သက်မှတ်ချိန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြကြရာ ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဇော်မြင့်နိုင်