ဘားအံမြို့တွင် အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်
Aug 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများမိမိတို့ဌာန၊ အဖွဲ့အစည်းအသီးသီးရှိ အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် အခမ်း အနားမှူးအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။