မိုင်းရှူး သြဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေးနှင့် မျိုးချစ်စိတ်ဓိတ်ရှင်သန်ထက်မြက်ရေး စသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းအရာများ ဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းက အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ(၁၈၆)ဦးတို့က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများနှင့် လူကုန်ကူးအန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများ စသည့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)