သတင်းများ

ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သန်လျင်၌ ကျင်းပ
Aug 05,2022
သန်လျင်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ကျိုင်းတောင်းမြို့ အ.မ.က(နမ့်တွန်)ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဟောပြောပွဲ ဆောင်ရွက်
Aug 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၁၀:၀၀) အချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(နမ့်တွန်)ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာ မူလတန်း(လွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် နိုင်ငံခြားသား မှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက် ဖော်ထုတ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 05,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက နိုင်ငံခြားသား မှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက် ဖော်ထုတ်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
မလှိုင်မြို့နယ် ကျောင်းစု(န)ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Aug 05,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ မြို့နယ်စီမံ ကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်ဝင်းယုဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဒေါ်မြတ်မြတ်သူ၊  မြို့နယ်လမ်းဦးစီးမှူး ဦးသာအေး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှမင်းသောင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျောင်းစု(န)ကျေးရွာ  ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့၌ တန့်ယန်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသစ်ဖွင့်ပွဲ ကျင်းပ
Aug 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရှေ့၌ ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
Aug 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှဦးစီး၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက ဥတ္တရသီရိမြို့နယ်၊ Naypyitaw International Science Academy ကျောင်း၌ ကျင်းပခဲ့သည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ရိုက်ကူးထုတ်လွှင့်
Aug 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် လူသားတိုင်းလူ့အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် လူကုန်ကူးခံရမှုနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ရိုက်ကူးခဲ့ကြောင်း သိရသည်။