နမ့်စန်တွင် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

နမ့်စန်() ဩဂုတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်အသိပညာပေး ပုံပြင်များကိုပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များကို အသိပညာပေး နံရံကပ်စာစောင်များပြသပေးခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်း များပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)